Wednesday, April 25, 2012

ယဉ်တိုက်မှု့ 

တစ်နေသ၌ ကျွန်ုပ်သည် ရန်ကုန်မြို့  တွင်း ကမ်းနားလမ်း မှ ရွှေတိဂုံ ဘုရားလမ်း သို့ 
ချိုးဝင် ကာ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်သို့  တက်သွားရန် ဘုရားလမ်းမီးပွိုင့်ကြား
တွင်စောင့်ဆိုင်းနေလေ၏။
    နေမင်း၏ ပူပြင်းလှသော အပူအောက်၊ ကားတကာ ကားမှ ထုတ်လွှတ်သော မီးခိုး၊
အင်ဂျင်ပူ၊ မိမိ ကားအတွင်းပိုင်း မှ ထုတ်လွှတ်သော အပူ၊ အစရှိသဖြင့် အပူပေါင်းများ
စွာ ဖြင့် ကားခေါင်းခန်းတွင် အကြံ အိုက် ကာ အထပ်ထပ်ယဉ်ကြောပိတ်သဖြင့် လိပ်
ကဲ့ သို့ သော အရှိန်ဖြင့် ဘီးတစ်လှိမ့် ခြင်းလှိမ့် နေရ၏။
   ယခု ရန်ကုန် တွင်ကားမောင်းရခြင်း ကား အတန်ငယ် ခက်ခဲကုန်၏။ အဘယ်ကြောင့်
ဆိုသော် စည်းကမ်း မလိုက်နာကြသော၊ တဖက်လူ၊ တဖက် ကား ကို စောင်းငဲ့ မကြည့်
ဘဲ ရှေ့ က လုပ်ချင်ရာ လုပ်ကြသော ယဉ်မောင်းအများစု တို့ ကြောင့်လည်းဖြစ်ကုန်၏။
    ရွှေတိဂုံဘုရား လမ်း ( အောက် ဘလောက်တွင်) ကုန်ပစ္စည်း အတင်အချ လုပ်သော
ကားများ ရပ်ချင်သလို ရပ်၊ ကုန်တင်ချင်သလို တင်၊ ချချင်သလို ချ၊ ဘတ်စ်ကား များက
လည်း ၀င်တိုး၊ တက္ကစီသမားများ က လည်း သူ့ ထက်ငှာ အလျှင်စလို၊ သိမ်ကြီးဈေး မီး
ပွိုင့် ကလည်း မီးပျက်နေသဖြင့် ကားတွေ က ဦးရာလူ မောင်းနေကြကုန်၏။
    ဆိုခဲ့ပြီးသော အပူများဖြင့် ချွေးဒီးဒီး ကျလျှက် ကားခေါင်းခန်းတွင် ထိုင်ကာ၊ ကလပ်
နင်းလိုက်၊ ဂီယာလေး ထိုးလိုက် ၊ တစ်ပေ လောက်လှိမ့်လိုက် ဖြင့်သာ မျှော်တော်မူနေ
ရပြန်၏။ သိမ်ကြီးဈေး ပွိုင့်လွတ်အောင် မောင်းသော် တစ်ခါ ကုန်တိုက် ဘလောက်တွင်
မော်တော်ကား ဆရာ တို့ ရပ်ချင်သလို ရပ်သဖြင့် လမ်းပိတ်ပြန်၏။
    ဤသို့ နှင့် ရွှေတိဂုံဘုရားလမ်း အပေါ်ဘလောက် ( လေဟာပြင်) ဈေး နားရောက်
လျှင် ကျွန်ုပ်သွားချင်သော ဗိုလ်ချုပ်လမ်းပေါ် ယဉ်ကွေ့ ကြောလိုင်း ကား ရှင်းလင်းလျှက်
အတည့်သွားမည့် လိုင်း ၂ လိုင်းတွင်သာ ပြည့်နေကုန်၏။ အသာအယာ ညာအစွန်ဆုံး
မှ မောင်းသွားလေ သော် ဗိုလ်ချုပ်လမ်းပေါ်တက်လာ လေ၏။
     သို့ နှင့် မိမိယဉ်ကြောမှ အလယ်ယဉ်ကြော သို့ ပြောင်း ရန်ရှိသော်လည်း၊ စကော့
ဈေး နားကားရှုပ်သည် နှင့် နောက်ကား မရှင်း သည်ကြောင့် လည်း တူရှူ ကိုသာမောင်း
နေလိုက်သည်။ ကားသည်လည်း ဘီးလှိမ့်သည်မည်ကာမတ္တပဲ ရှိသည် ။ ထို အချိန်တွင်
ဘယ်ဖက် မှ တက္ကစီ တစ်စီးသည် တိုးဝင်လာကာ ကျွန်ုပ်၏ နောက်ကြည့် မှန်အား ၀င်
တိုက်လိုက်လေတော့သည်။ သို့ ရာတွင် ကံကောင်းစွာ ဘီးလှိမ့်ယုံ ဖြင့် သူ့ နောက်ကြည့်
မှန်နှင့် ကျွန်ုပ်နောက်ကြည့်မှန်ချင်း ခတ်မိရာ ကျွန်ုပ်နောက်ကြည့်မှန် သည်ကား ခေါက်
၍ ရသော်လည်း ဆန့်ကျင်ဖက်သို့ သွားသဖြင့် အနည်းငယ် တစ်ချက် တိုက်သံကြား ကာ
နေရာမှန်တွင်တည်ရှိနေ၏။
      ထိုအချိန်တွင် တက္ကစီယဉ်မောင်း ပြောလိုက်သော စကားမှာ “ စွတ် တိုးတာကိုးတဲ့”
ထိုအချိန်တွင် တိုက်မိသော ဘက်မှ ထိုင်စီးသူကား မအိမ်သူတည်း။ သူကလည်း “ဟင်”
“ သူကလည်း သူများကား မှန်ဝင်တိုက်သေးတယ် ပြီးတော့ သူက ပဲ ပြောသွားသေးတယ်”
“လူတွေကလည်း မလွယ်ဘူး”  ဟုညည်းနေလေ၏။ ကျွန်ုပ်သည် လည်း ထိုတက္ကစီသမား
ပြော သော စကား ကို နားထဲ က မထွက်သော်ငြား ၊ တုန့် ပြန်ချင်သော်ငြား၊ လည်း အချိန်
ကုန်လူပန်း၊ စကားများ ရဦးမည်။ သူ့ မိုက်ပြစ် သူသိမှာပဲ ဟု မိမိဘာသာ ဆုံးမ ပြန်၏။
     မအိမ်သူကား ကားမောင်းရမှာ အလွန်ကြောက်သော သူဖြစ်၏။ သို့ သော်ငြားလည်း
ဘေးမှ လိုက်စီးနေချိန် ၊ သူလည်း စိတ်ထဲ က ကားမောင်းနေဟန်တူလေ၏။ ထို တက္ကစီ
သမား အားသူ က လုံးဝ မကျေနပ်။ ကျွန်ုပ်ကလည်း မောင်းသောသူမှ သူ့ အားပြန်ပြီးတ
ရားပြန်ချရပြန်၏။ တက္ကစီ မောင်းသမား မှာလည်း အသက်မငယ်တော့ချေ။ ကျွန်ုပ်ထက်
မကြီးလျှင် ၁၀ နှစ် ၁၅ နှစ်ခန့် ကြီးပေမည်။ ဘေးချင်းယှဉ်လျှက် သူက ၀င်တိုး၍ တိုက်မိ
ခြင်း ကို ယဉ်ကျေးမှု့ အရ တောင်းပန် ရမည့် အစား ၊ သူကပင်လျှင် ဦးအောင် ရန်ထောင်
ကုန်၏။
       အကယ်၍ ကိုယ်က ဤသို့ သာ သူများကား ကို အနည်းငယ်လောက် ပဲ ပွတ်တိုက်
မိဦးတော့ တောင်းပန်ဖို့ ဝတ္တရားရှိသည်။ ဤလူ မှာကား သူ့ အပြစ်ရောက်မည် ကြောက်
သည်ကြောင့် ကြောက်ကန်ကန်လေ၏။ ရှေ့ သို့ တူရှူ သွားနေသော ကား ချင်း အတူတူ
သူ က သာ ၀င်တိုး၍ နောက်ကြည့်မှန် နားရွက် ကို တိုက်မိသည်။ ကျွန်ုပ်ကား သည်လည်း
နောက်ပြန်လှိမ့်ပြီး သူ့ အား မတိုက်တန်ရာ။ သို့ ရာတွင် ကား တက္ကစီမောင်းစား သောထို
သူ သည် သေးသိမ်သော အတွေးရှိလေစွ။ ကျွန်ုပ်သည် လည်း “ခန္တီစ သည်းခံ ခြင်းသည်
အောင်မြင်ရာ၏ ” လို့ သာ နှလုံးသွင်းလျှက် လိုရာခရီး ကို ဆက်သွားခဲ့ လေ၏။
        တစ်ညသော် ကျွန်ုပ်သည် ယောက်ဖတော် ဆလွန်းကား အား ခေတ္တငှား လျှက် နိုင်
ငံခြားသား ဧည့်သည် အား ထမင်းလိုက်ကျွေးသည် အမှု့ အားပြုလေ၏။ ကျွန်ုပ်၏ ထရပ်
ကား ငယ် မှာကား ရှေ့ ခန်း တွင် နိုင်ငံခြားသား ထိုင်သော် ဒူးမလွတ် သော အဖြစ် ကြောင့်
တည်း။ ထမင်းစား ပြီးသော် သူ့ ဟား ဟိုတယ် ပို့ လျှက် သူငယ်ချင်း အားဖုန်းဆက်လေ၏။
ကံကောင်းထောက်မ စွာ သူငယ်ချင်းကလည်း အင်းယားလမ်း ထိပ် က ဆိုင်မှာ ရှိနှင်လေ
၏။ သို့ နှင့် အမြဲတွဲဖြစ်သော ထိုသူငယ်ချင်း နှင့် အတူထိုင်သောက်လေသော် ည ၁၂ နာရီ
ထိုးချေ၏။ ဆိုင်ခန်းတံခါး ပိတ်မှ ဆိုင်မှ ထပြန်၏။
        ထိုအခါ အိတ်ကပ်ထဲတွင် ပိုက်ဆံ ကျပ် တစ်ထောင်သာ ကျန်သဖြင့် ကျွန်ုပ်သည်
လည်း အေတီအမ်စက်တွင် ငွေထုတ်ရန် အလို့ ငှာ မြို့ ထဲ ရှိ ဘဏ်သို့ အပြေးသွားလေ၏။
ပြန်လာလတ်သော် သူငယ်ချင်း အလုပ်ရှိရာ ရန်ကုန်တက္ကသိုလ်ပရ၀ဏ် သို့ သွားကြပြန်
၏။ တက္ကသိုလ်ပရ၀ဏ်၊ ၀ိဇ္ဖာခန်းမ တစ်ဝိုက်၊ ပြီးတော့ Convocation ခန်းမ ကြီးထဲ သူ့ 
ရုံးခန်း သို့ ခဏ၀င်ပြန်၏။ နှစ်ယောက်သား အလုပ်ကိစ္စ တွေ တောင်ကြည့်မြောက်ကြည့်၊
သူ ကတော့ Convocation ခန်းမကြီး အပိုင်စားရကာ စိတ်ကြိုက် အတွင်းပိုင်းပြင်ဆင်
သော လုပ်ငန်းတည်း။
      သို့ နှင့် ည ၁ နာရီကျော် လောက်မှ ကျွန်ုပ်သည်လည်း ခပ်ထွေထွေ နှင့် အိမ်ပြန်
ခဲ့ ၏။ အိမ် သို့ ရောက်ခါနီး ကမ္ဘာအေး ဘုရားလမ်းမ ၊ ယူနန် အသားကင် ဆိုင် ရှေ့ တွင်
များစွာသော လူများ အစုလိုက် အပြုံလိုက် ဖြစ်နေသဖြင့် ကား အား အရှိန်လျော့ကာ
ဘေး ကို ကြည့်လိုက်သည် ရှိသော်..... တိုယိုတာ ဗင် ၉၂ ဖင်ကောက် တစ်စီး ဘီးလေး
လုံး မိုးပေါ်ထောင်လျှက် ခေါင်းခန်း တစ်ခုလုံး ကြေမွလျှက် နှင့် ဓါတ်ကြိုးများ နှင့် ထိနေ
ကုန်၏။ ဓါတ်တိုင်သည်လည်း လမ်းဘေး သို့  ပုံလျက်သား လဲလျှောင်းလျှကရှိနေကုန်
၏။ ထိုအခါ စပ်စုချင်သော စိတ်ကြောင့် အတန်ငယ်လှမ်းလှမ်း မှာ ရပ်လျှက် ၊ ကားပေါ်
မှ ဆင်းကာ သွားကြည့်လေ၏။
      ကျွန်ုပ်ထိုနေရာသို့ မေ၇ာက်ခင် ၁၀ မိနစ်ခန့်  တွင်မှ ထို အဖြစ်အပျက် များ ဖြစ်
ခဲ့သည်ဟု ပြောကြလေသည်။ ယဉ်မောင်းသူ တစ်ဦး နှင့် နောက်တစ်ဦး တို့ ပါပြီးကား
မှ မနည်း ဆွဲထုတ်ကာ ဆေးရုံ ပို့ လိုက်ကြပြီ ဖြစ်ကြောင်း ပြောသံသဲ့သဲ့ကြားမိလေ၏။
ယဉ်မောင်းမှာကား မူးနေသဖြင့် မဆင်မခြင် အရှိန်ပြင်းစွာ မောင်းပြီး ဦးစွာ ဓါတ်တိုင်
ကို တိုက်လျှက် မှောက်သွားကာ ဓါတ်ကြိုးများ ဖြင့် ကား ကိုလည်းပတ်ကုန်သည်ဟု
ဆိုလေသည်။
      ထိုအခါ ကျွန်ုပ်သည်လည်း ဆံပင်များ အနည်းငယ်ထောင်သွား ဟန်ရှိလေသည်။
အဘယ့်ကြောင့် ဆိုသော် ကျွန်ုပ်သည်လည်း ဘီယာသောက်ထားပြီး မူးနေသောကြောင့်
ဖြစ်လေတော့သည်။ သို့ သော် ကျွန်ုပ်သည် ကားကို မဆင်မခြင် မမောင်း၊ အရှိန်လျော့
မောင်းသောအကျင့် ရှိသဖြင့်၊ ကားပြိုင်မမောင်းသဖြင့်၊ အတန်ငယ်မူးနေသော်လည်း၊
ဘေးမသီရန်မခ အိမ်ပြန်ရောက်ရှိလေသည်။
     ယဉ်ယန္တယား တို့ ဟူသည်ကား သုံးတတ်လျှင် ၊ မိတ်ဆွေတည်း။
မသုံးတတ်လျှင်တော့လည်း ကိုယ့်အသက် ကို အချိန်မရွေးနှုတ်ယူနိုင်ပေသည်။
ဆင်ခြင်ကြပါကုန်...............

ချစ်ခင်လေးစားလျှက်

3 comments:

Anonymous said...

ကိုမောင် ရေ

အတွေ့အကြုံလေး တွေ ဖတ်သွားတယ် မန္တလေး မှာတော့ ကားမောင်းရတာ တော်တော်စိတ်ရှည်မှ ရတယ် စိတ်မရှည်ရင် တိုက်ခိုက်မှု့တွေ နဲမှာ မဟုတ် စည်းကမ်းမရှိကြလို့

ခင်မင်တဲ့
ရွှေစင်ဦး

ko 9 said...

ဒီစာကိုမိန်းမကိုဖတ်ခိုင်း၇င်တော့..
မူး၇င်လဲဖြေးဖြေးမောင်းလျှင်၇ကြောင်း
အကြောင်းပြလျှင်၇လတ္တံ....ဟဟ

မောင်မောင် said...

ကိုနိုင်ကြီး ကလဲ အကြောင်းရှာနေတယ်နဲ့ တူတယ်နော်။
ကျွန်တော် လဲ အပြင်ထွက်ယင်စကားပြောရတယ်။
အရမ်းမသောက်နဲ့ ၊ ညည့်မနက်နဲ့၊ ကားကို ဖြေးဖြေးမောင်း၊ ဖုန်းခေါ်ယင် မကိုင်ပဲ မနေ နဲ့ ၊အဲသလိုပေါ့ဗျာ...
ခက်တာက ကိုယ်ကလဲ မူးယင် မမောင်းပဲပြန်လို့ မှ မရတာ။ လမ်းဘေးထိုးရပ်ပြီး အိပ်နေမှတော်ကာကျမယ်။
:D