Monday, April 23, 2012

ချောင်းသာ မှ ရန်ကုန် သို့ 








  ချောင်းသာ မှ ဒုတိယ နေ့ ည ဖက် ကျတော့ ရွာထဲ ကို ကား နဲ့ သွားကြပါတယ်။
ရွာအ၀င်လမ်း မကြီး ကနေပြီးတော့ ယင် အဝေးပြေးဝင်း ကို ကျော်သွား ပြီးယင်တော့
လမ်းမ အတိုင်း မောင်းသွားပါတယ်။ ဟိုတယ် ကနေ ထွက်လိုက်ယင် လမ်းမ ပေါ်ရောက်
နေပြီးတော့ လမ်း ရဲ့  ညာဖက် တစ်ခြမ်း လုံး က တော့ ဟိုတယ် အသီးသီး တို့ ရဲ့  သူ့ 
သူ့ ထက်ငါ ဆန်းသစ် တဲ့  ဒီဇိုင်း တွေ နဲ့ ပြုလုပ်ထားတဲ့ ဆိုင်း ဘုတ် အမျိုးမျိုး ကို တွေ့ 
ရမှာ ဖြစ်သလို သေသပ်လှပ တဲ့ ဟိုတယ် အ၀င်ဝ တွေ ရဲ့  ခေတ်မှီ ဒီဇိုင်း တွေ နဲ့ 
ဧည့်ကြို နေရာကို ခမ်းခမ်း နားနား တည်ဆောာက်ထားတာ ကို တွေ့ ရမှာပါ။
    အဲဒီ အပြင် သစ်ပင်၊ ပန်းပင် ရောင်စုံတွေ ကလည်းပဲ ဟိုတယ် နာမယ် အမျိုးမျိုး
ရှေ့ မှာ မျက်စိပသာဒ အလှ ကို ဖော်ကျူးနေတာမို့  ငွေရေးကြေးရေး ခြေသလုံးမွှေး
လို့ တွက်ကြတဲ့ သူတွေ မှာ ကတော့ ဈေးအားနာစရာ မလို တဲ့ ဇိမ်ခံ ဟိုတယ်မှာပဲ
တည်းခို အပန်းဖြေ နိုင်ကြပါတယ်။
    လမ်း ရဲ့  ဘယ်ဖက် မှာ တော့ ဈေးဆိုင် အများစု နဲ့ အတူ ကွမ်းယာဆိုင်၊လက်
ဆောင်ပစ္စည်းဆိုင်၊ စားသောက်ဆိုင် တွေ ကို တွေ့ ကြရမှာပါ။ ရွာလယ် လမ်းမကြီး
လို နေရာ မျိုးမှာ လည်း အမျိုးမျိုးသော ဈေးဆိုင် တွေ နဲ့ ပြည့်နှက်နေပြီးတော့ ရောင်း
သူ ၊ ၀ယ်သူ၊ ငေး သူ၊ ကလေး ၊ ခွေး၊ ပျိုပျို၊ရွယ်ရွယ်၊ အိုကြီးချက်မ၊ အစရှိတဲ့ အရွယ်
စုံ သော ရွာသား၊ အပြင်လူ၊ အစရှိသဖြင့် စုံနေအောင် ပါပဲ။ အဲတာ အပြင် ဆိုက်ကား
စက်ဘီး၊ မော်တော်ကား ၊ မော်တော် ဆိုင် ကယ်တွေ ကလည်းပဲ ဥဒဟို အမျှင်သိပ်
ပြတ်တယ် မရှိ သွားလာ နေကြပါတယ်။
     ချောင်းသာရွာကြီး တစ်ခု လုံးမှာ ဈေးဆိုင် တွေ နဲ့  ပြည့်နှက်နေကြပြီမို့ ၊ တိုးတက်
ကြီးပွား လာကြတဲ့ ဆိုင် တွေ ကလည်း မနည်းလှပါဘူး။ လက်ဆောင် တီရှပ် တို့ ၊ ဘာ
တို့ ဝယ်ချင်လို့  ရွာလယ် ဒုတိယ လမ်းကနေ ဘယ်ချိုး လိုက်တော့ အဲဒီမှာ အထည်
ဆိုင် ပေါင်းစုံ တွေ့ လိုက်ရပါတယ်။ လမ်းဘေး နားက ဆိုင်လေး မှာပဲ အမှတ်တယ
လက်ဆောင် ပေးလို့ ရအောင် လို့  တီရှပ်လေး ဘာလေး ၀င်ဝယ်ဖြစ်ပါတယ်။ ပြီးတော့
မှ ငါးပိ၊ ငါးခြောက် ဆိုင် ကို သွားပြီးတော့ ရန်ကုန် က လူတွေ ကို လက်ဆောင်ပေး
ရအောင် ပုဇွန်ခြောက်၊ ငါးခြောက်၊ ငါးမုန့်  အစရှိသည်ဖြင့် အနည်းအကျဉ်းဝယ်ယူခဲ့
ပါတယ်။ ရွာထဲ က ပြန်လှည့်လာကြတော့ မိုးချုပ်သွားပြီမို့  မီးရောင်စုံ တွေ နဲ့အတူ
ည ရဲ့ အလှ ကို ဖန်တီးနေကြတဲ့ ပတ်ဝန်းကျင် က အထွေထွေသော ဈေးဆိုင် တန်း
တွေ နဲ့  အင်မတန် မှ ကို လှပနေပါတယ်။
       ဟိုတယ်ပြန်ရောက်ပြီးတော့ ထမင်း စားသောက်ပြီးတော့ ညကြီးမိုး ချုပ် ပင်လယ်
ကမ်းခြေ ကို ဆင်းပြီး မီးပန်း ဖေါက်ကြပါသေးတယ်။ ည ဖက် မီးပန်းတွေ ရောင်းတာ
ကလည်း ပဲ ကလေးငယ်တွေ၊ လူကြီးတွေ၊ မိန်းကလေး ငယ်တွေ ၊ အစသဖြင့် အများ
ကြီးပါ။ မီးရှူးမီးပန်း ၀ယ်ဖို့ အရေး သုံးလေး ဦး က ၀ိုင်းရောင်းကြတာမို့  ဘယ်ဟာကို
ဘယ်လို ၀ယ်ရမလဲ ဆိုတာကို တောင် ဇဝေဇ၀ါဖြစ်စေပါတယ်။ ဒီတော့ လဲ သူတို့ က
မီးပန်း တစ်တောင့် ကို အချက်လေးဆယ် ထွက် တာ ၃၀၀၀ ကျပ် နဲ့ဈေးပြောယင်
ကိုယ်က တစ်ဝက်ပေးလိုက်ပါတယ်။ တစ်ဦး က တစ်ထောင်ပြောယင် ငါးရာဈေးပေး
လိုက်တာ မို့  ရွေးချယ်စရာ ဈေးသည် နှစ်ဦး သာ အနားမှာ ကျန်နေပြီးတော့ တယော
ထိုးသလို လာပြီး အီ လေးဆွဲ နေပါတယ်။
       မီးပန်း မ၀ယ်မချင်း ကို ဟိုလောက်ပေးပါ၊ ဒီလောက်ပေးပါပေါ့လေ။ ကဲ မထူးပါ
ဘူး ရှိတာအကုန်ပေးလို့  ဆိုပြီး မီးပန်း လေး ချောင်း ကို ၀ယ်ယူပြီးသကာ လ ငယ်
ငယ် က ရန်ကုန် မှာ မီးရှူးမီးပန်း မဖောက်ခဲ့ သမျှ အတိုးချ လို့  လေး ချောင်း လုံး
သဲ ပုံပေါ်ထောင် ပြီးတော့ ဖောက်ပစ်လိုက်ပါတယ်။
      ဘယ်ရမလဲ နော်။ စိတ်ရှိတိုင်း ထင်တိုင်း လုပ်ပစ်လိုက်တယ်ပြောကြပါစို့ ။ ကလေး
လဲ မဟုတ်ဘူးနော်။ ဒါပေမယ့် လည်း မီးပန်း တဒိုင်းဒိုင်း တက်သွားတာ ကို ပတ်ဝန်း
ကျင် မှာ ကလေးငယ် တွေ လာပြီး ကြည့်နေကြပါတယ်။ လေတိုက် တာကလဲ ပြောမ
နေပါနဲ့  မီးပန်း ဖောက်ဖို့ မီးခြစ် ကို မနည်းကွယ်ပြီး ညှိယူရပါတယ်။
      တစ်နေကုန်လျှောက်သွားတာ အတော်ပင်ပန်းသွားပြီမို့  ညဖက် အိပ်လို့ ကောင်း
တာ မပြောပါနဲ့ ။ တရေးတည်း မနက်မိုးလင်းတော့တာပါပဲ။ ခြောက်နာရီ လောက်အိပ်
ရာထ ၊ ပြီးတော့ မနက်စာ သွားစားကြ၊ ဓါတ်ပုံ မျိုးစုံတွေ ရှိုးထုတ် ပြီး ရိုက်လိုက်ကြနဲ့ 
ပင်လယ်ရေ ကို ဆင်းတော့ မနက် ၈ နာရီ ကျော်လောက်ရှိပေမယ့် အေးမြနေဆဲ၊
၁၂ နာရီ မတိုင်ခင် ဟိုတယ်ကနေပြီး ထွက်ခွာတော့မှာ မို့  ခပ်သွက်သွက် ပဲ ကမ်းပေါ်
ပြန်တက်လာပြီးတော့ ရေမိုးချိုးပြီး အထုပ်အပိုးတွေ ပြန်ပြင် ပြီးတော့ ကားပေါ်တင်
ကြရတာပါပဲ။
         ၁၀ နာရီ ၀န်းကျင် မှာတော့ အခန်းအပ်လိုက်ပြီးတော့ ချောင်သာကမ်းခြေ ကို
ဆန့် ကျင်ရာ ပုသိမ် ကို သွားဖို့  ကားကို ဦးတည်ပြီး ထွက်လိုက်ပါတော့တယ်။ တကယ်
တမ်း တော့ ပင်လယ်ဘေးနား မှာ နေရတာ သိပ်မ၀သေးပါဘူး။ ပင်လယ်ရေ ချိုးချင်
တာ မဟုတ်ပါဘူး။ အနှောင်အဖွဲ့  ကင်းကင်း နဲ့ အေးအေး ချမ်းချမ်း လေး များ နေခွင့်
ရတဲ့ ရက်ကလေး က ခပ်မြန်မြန် ကုန်သွားတာ ကို နှမြောမိတာပါ။
        ချောင်းသာက ထွက်လာပြီးနောက် တောင်တွေတက်လိုက်ဆင်းလိုက် နဲ့  အ
ဆင်းမတ် စောက်တဲ့ ဥတို ချောင်းတံတား ကို ရောက်လာပါတယ်။ ဥတို ချောင်းတံ
တား ဟာ ခုချိန်ထိ ဘေလီ အမျိုးအစား တံတား ဖြစ်ပြီးတော့ ကားတစ်စင်းပဲ ဖြတ်
လို့ ရတာမို့  အတက် အဆင်း စောင့်ပြီး ဖြတ်ရပါတယ်။
        ဥတိုကနေကျော်လာပြီးတော့ တောက်လျှောက် တောင်တက်လိုက်၊ ဆင်း
လိုက် ကွေ့ လိုက် ကောက်လိုက် နဲ့  သူ့ တောလမ်းလေး အတိုင်း မောင်းလာခဲ့ တာ
ကလည်း စိတ် ကို တစ်မျိုးတော့ ပြောင်းလဲ စေပါတယ်။ လမ်း တွေဟာ ကျဉ်းမြောင်း
တဲ့ အတွက် တောင် အတက်အဆင်း အကွေ့ တွေ ကျယင် လဲ ကားဟွန်း သံ ကို
များများ တီးပေးရပါတယ်။
      ချောင်းသာ ကနေပြီး ပုသိမ် ကို လမ်းခွဲ တဲ့ ကျောက်လမ်းမှာလဲ ဖုန်းလုံးကြီး
တွေ ကို ခေါ်ငင်ပြီးတော့ ပုသိမ်မြို့ အ၀င် က င၀န်မြစ်ကူးတံတား ကြီးမှာ ထားခဲ့ 
လိုက်ပါတယ်။ ပုသိမ် မြို့ ကို ရောက်တော့ နေ့ လည် ၁၂ နာရီလောက် ရှိသွားခဲ့ 
ပါပြီ။ ဒါ နဲ့ ပုသိမ်မြို့ က နာမယ် ကျော် ရွှေမုဋ္ဌော ဘုရား ကို ၀င်ရောက်ပြီးတော့ 
ဖူးမြှော်ခဲ့ ပါတယ်။ အရှေ့ ဖက် စောင်းတန်း က တက်ပြီးတော့ အဲဒီ တန်ဆောင်း
မှာပဲ ဘုရားဝတ်ပြု ခဲ့ ပါတယ်။ ကင်မရာ ကြီး တကားကား မို့  ဘုရားတန်ဆောင်း
ထဲ မှာ ကင်မရာခွန် ကောက်လို့  သူတို့ က စီးပွားရေးလုပ်စားတဲ့ ကင်မရာ ဟုတ်
လို့  ၁၀၀၀ ကျပ်ပေးရမယ်တဲ့။
    လူက အပျော်တမ်းပဲ ရိုက်တတ်ပါတယ်။ လို့ ပြောပြီးတော့ ၅၀၀ ကျပ်ပေးလိုက်
ပြီး အခွန်ဆောင်တဲ့ ကတ်ကလေး အိတ်မှာချိတ်ထားလိုက်ပါတယ်။ ဘုရားဝတ်ပြု
ပြီးတော့ ယင် ကိုယ် နဲ့ မလှမ်း မကမ်း မှာ ရှိနေတဲ့ ချာတိတ် နဲ့ ချာတိတ်မလေးတို့ 
အတွက် က ကွက်ကြည့် ကွက်ကြည့် လုပ်နေပါတယ်။ နောက်တော့ ကောင်လေး
ကနေပြီး တော့ “ဓါတ်ပုံ ရိုက်ယင် ဘယ်လောက်ကျ” လဲ လို့ မေးလာပါတယ်။
    ရုတ်တရက် ကိုယ့်ကိုမေးတာဟုတ်ရဲ့ လားလို့ တောင် တွေဝေနေပါသေးတယ်။
နောက်တော့ “အင်း” “ ငါ့ကို ဘုရားပေါ်က ဓါတ်ပုံ ဆရာလို့ ထင်နေပြီ” မြန်မြန်လစ်
မှ လို့  တွေးမိပြီးတော့ ကောင်လေး ကို “ ဓါတ်ပုံ ရိုက်ချင်ယင် ဟော ဟိုက ဆိုင်မှာ
သွား ရိုက်ပါ ငါ့တူ ရေ” လို့  ရှက်ရှက် နဲ့ ပြောပြီး အပြင်ကို ထွက်လိုက်ပါတယ်။
အဲတာကို ဂျူနီယာမောင်မောင် က ကြည့်ပြီးတော့ ပြုံးတုံးတုံး လုပ်နေပြီးတော့မှ
သူ့ ကို ဓါတ်ပုံ ရိုက်ပေးခါ နီးပြောပါသေးတယ်။ ကိုယ်လဲ ရယ်ကြဲကြဲ ပဲ လုပ်နေလိုက်
တော့တယ်။ ကိုယ် ကလဲ မှားတာကိုဗျ။ အဲဒီ ကင်မရာပြူးပြူး ကြီးကိုင်ပြီး လမ်းသ
လားမှ တော့ ဓါတ်ပုံဆရာပဲ လူတိုင်းထင်မှာပေါ့ လို့ မတွေးမိပါဘူး။ :D
     “ နေမွန်းလည်း တည့်ပါပြီ၊ ဗိုက်လည်း ဆာလှပေါ့၊ ထမင်းဆိုင် ကို အမြန်သွား
မှ လို့  ကား လှည့်ပြီး ထွက်ခါ နီးမှာ “ ခခကြီး” ထမင်း ဆိုင် ကို တွေ့ လိုက်တာမို့ 
ဗိုက်ဆာဆာ နဲ့ ဝင်ကြိတ်မှ ဆိုတော့ မအိမ်သူ တို့ က ၀င်တားတယ်။ ချောင်းသာ
ကနေပြီး ချိုင့်ဆွဲ ယူလာတယ်။ မစား နဲ့ တဲ့ ဗျာ။ ဆိုတော့ မစားတော့ပါဘူး လို့ 
ပုသိမ်မြို့  ကို ကျောခိုင်းပြီး ရန်ကုန်သွားမယ့် လမ်းပေါ်တက်လာခဲ့ ပါတော့တယ်။
ရန်ကုန် လမ်းမ ပေါ်မှာတော့ ပုသိမ်ဟာလ၀ါ နာမယ်ကြီး “ ရွှေမြင်းပျံ” ဆိုင်မှာဝင်
ပြီးတော့ ဟာလ၀ါ ၀ယ်ခဲ့ကြပါတယ်။ သူ နဲ့ ကပ်လျှက် မှာတော့ “ခခကြီး” ထမင်း
ဆိုင် ကို ပြန်တွေ့ ရပြန်ပါတယ်။ ဒီတခါ တော့ ဘယ်ရမလဲ ၊ ရေဆာလို့  မြန်မာ
ဘီယာ နှစ်ဘူး ၀ယ်လာခဲ့ပါတယ်။
      ရွှေမြင်းပျံ ကနေ ထွက်လာကြပြီးတော့ ၁၅ မိနစ်လောက်ပဲ မောင်းလိုက်ပါ
တယ်။ ကား ကို အရိပ်အာဝသ ကောင်းကောင်း နဲ့ နေရာ လယ်ကွင်းပြင် ရဲ့ န
ဘေး ၊ ထန်းပင် တွေ စီတန်းပေါက် နေတဲ့ နေရာနားမှာ ရပ်လိုက်ပါတယ်။ ပြီး
တော့ ထမင်းစား ဖို့  ပြင်ဆင် ကြပါတယ်။ ကား နောက်ခန်း ထဲ က ဆွဲ ခြင်းထဲ
ကနေပြီး တော့ အဆင်သင့် စားစရာ ထမင်း ဟင်း တွေ ကို ချိုင့် ထဲမှာ ပုံထည့်
ပြီးတော့ ဗိုက်ဆာဆာ နဲ့ အားရပါး ရ စားလိုက်ကြတာ တက်တက်ပြောင်ပါပဲ။
     အဲဒီ ထန်းရိပ် ရဲ့ ဘေး တစ်ဖက် တစ်ချက် မှာတော့ နွေစပါးခင်းတွေဟာ
လည်း ယိမ်းနွဲပြီး တော့ ကပြနေကြတာ ကို လဲ ကောင်းကောင်းမြင်တွေ့ နေရ
ပါတယ်။ ထန်းပင်ကြီးတွေ ကလဲ တစ်မျိုး တစ်ဘာသာ လေတိုက်တိုင်း ရှဲရှဲ နဲ့ 
ပေါ့လေ။ မော်တော်ကားကြီး တစ်စီး ဖြတ်သွားလေ တိုင်း ကျန်ခဲ့ တဲ့ လေအ
ဟုန် ကလည်း မသေးလှပါဘူး။ “ ၀ူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး” ဆို ပြီးတော့
လူ ကို ကိုင်လှုပ်လိုက် သလို ပါပဲ။
   ထမင်းစားပြီး တာနဲ့ မော်တော်ကား ကို ဆီဖြည့်ပြီး တော့ တောက်လျှောက်
မောင်းလာခဲ့ပါတော့တယ်။ အသွား တုန်း က လွဲသွားခဲ့ တဲ့  ညောင်တုန်း သို့ 
လမ်းခွဲ ကို ရောက်တော့ စိတ်နာနာ နဲ့  ခပ်စိမ်းစိမ်း ကြည့်လိုက်ပါသေးတယ်။
ဒီတခါ တော့ ရန်ကုန် သို့ ဆို တဲ့ လမ်း ညွှန်နောက် ကို ကောက်ကောက်ပါအောင်
လိုက်ပါခဲ့ လိုက်တာ လှိုင်သာယာ က ကျော် တော့ အိမ် ကို ညနေ ငါးနာရီလောက်
မှာ အောင်မြင်ချောမော စွာ ရောက်ရှိခဲ့ ပါတော့တယ်။

ဒီမှာတင်ပဲတစ်ခန်းရပ်နားလို့ ပြီးပါပြီ ....
ချစ်မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။

3 comments:

Anonymous said...

ကိုမောင် ရေ

၂ပုဒ် ကို တခါထဲပေါင်းဖတ်သွားတယ် ဒီတခါတော့ ဆက်တိုက် ရေးတာပါလား အဆင်ပြေ နေကောင်းပါစေဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ko 9 said...

သာဓုပါ..အဲလေမှားလို့။ကျေးဇူးပါမြန်မြန်ေ၇းပေးလို့။ဟဟ
ရုံးကကုလားလေးနဲ့ကော အဆင်ပြေသွားပြီလား ?

မောင်မောင် said...

ကျေးဇူးပါ မရွှေစင် ရေ..
ကိုနိုင်ကြီး... ကုလားလေး နဲ့ ဘယ်လိုမှ အဆင်မပြေဘူးဗျ...