Tuesday, February 28, 2012

ဆန္ဒပြပွဲများ နှင့် အာဖဂန်ပြည်

 ကျန်ခဲ့တဲ့ ၂၀ ရက်နေ့  ဒီလ ထဲမှာပေါ့။ အမေရိကန် လေတပ် ရဲ့ မြောက်ပိုင်း အခြေ
စိုက်လေတပ်စခန်း ဖြစ်တဲ့ ဘာဂရမ် စစ်စခန်းမှာ စတင်လောင်တဲ့ မီး က တစ်နိုင်ငံ
လုံး ကို တမဟုတ်ချင်း ကူးစက်သွားလိုက်တာ။ ဘာမီး လဲ ဆိုတော့ ဘာသာရေးမီးလို့ 
ပဲ ပြောရမှာပါ။
   ဒီနိုင်ငံ ကို ကျူးကျော်တပ်စွဲထားတာ အခုဆိုယင် ဆယ်တစ်နှစ်ကာလ ထဲ ကိုရောက်
လာခဲ့ ပြီဖြစ်တဲ့ အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်ဖွဲ့ ဝင်တွေ ကလဲ ပဲ နိုင်ငံကပြည်
သူပြည်သားတွေ ရဲ့ သဘော ကို မစောကြောမိကြတာပဲလား၊ တမင်ပဲ လုပ်တာလား၊
ဝေခွဲမရနိုင်သလို ၊ ဖြစ်ခဲ့ တာ က အင်မတန်လုံခြုံရေးတင်းကျပ်တဲ့ ဘာဂရမ် စစ်စခန်း
ထဲမှာ ဖြစ်ပွားခဲ့တာ။
   အမေရိကန်သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီတို့  ၊ ဗြိတိန် နိုင်ငံက
ဒေးဗစ်ကင်မရွန်း အစရှိတဲ့ အရေးကြီးပုဂ္ဂိုလ်တွေ လာရောက်တဲ့ အခါ သုံးတဲ့ စစ်ဖက်
ဆိုင်ရာလေယဉ်ကွင်း၊ အခြေစိုက်စခန်းပေါ့။ ကဘူးမြို့ ရဲ့  မြောက်ဘက် မိုင် ၄၀ အကွာ
မှာ တည်ရှိပါတယ်။
   အဲဒီစစ်စခန်း အတွင်းမှာ တော့ တာလီဘန် တွေကိုလည်း ဖမ်းဆီး အကျဉ်းချထား
တဲ့ အကျဉ်းထောင်တွေလည်း ရှိတယ်လို့ ပြောကြပါတယ်။ အဲဒီစစ်စခန်းထဲ ကို ၀င်ပြီး
အလုပ်လုပ်ရမယ့် ဒေသခံ အလုပ်သမားဟာ မနက် ၅ နာရီကတည်းက တန်းစီစောင့်
ရတယ်လို့ ပြောပြကြပါတယ်။ တခြား တတိယနိုင်ငံသား( TCN ) နိုင်ငံသားတွေလဲ
ဝင်မယ်ဆိုယင် စောင့်ဆိုင်းရတဲ့စခန်းပါ။ ISAF Batch မရှိယင်ပေါ့။
  ဒေသခံ အလုပ်သမားတွေဟာ လုပ်ငန်းဆောင်တာ အမျိုးမျိုးမှာ အဲဒီစခန်းမှာလုပ်
ကိုင်နေကြပါတယ်။ အခြေခံ အလုပ်ဖြစ်တဲ့ သန့်ရှင်းရေး၊ လုပ်ငန်းတွေမှာ မရှိမဖြစ်ခန့်
အပ်ထားကြပါတယ်။
   အဲဒီဆန္ဒပြပွဲ ဖြစ်စဉ်ကလည်းပဲ နေတိုး တပ်ဖွဲ့ က ဖမ်းထားတဲ့ အကျဉ်းသားတွေဆီ
က သိမ်းလို့ ရလာတဲ့ ပစ္စည်းပစ္စယတွေ ကို အမှိုက်ကန် ကို ပို့ ပြီး မီးရှို့ ဖျက်ဆီးရာက
နေပြီးစတာပါပဲ။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တာလီဘန် တွေဆီက သိမ်းလို့ ရတဲ့ထဲမှာ
သူတို့ ဘာသာရေးကျမ်းစာအုပ် ( ကိုရမ်ကျမ်း) မိတ္တူ တွေပါလာပါတယ်။
   နေတိုးတပ်ဖွဲ့ တွေ က သံသယရှိတာက အဲဒီ ကိုရမ်ကျမ်းစာအုပ် က စာရွက်တွေ
နဲ့  သင်္ကေတ အဖြစ်လျှို့ ဝှက်ဆက်သွယ် တယ်ဆိုတာကို ပါ။ ဒါကြောင့် သိမ်းဆည်း
လိုက်ပြီးတော့ အမှိုက်ပုံး ကို ပို့ လိုက်ပါတယ်။ အဲသလို အမှိုက်အဖြစ် သိမ်းဆည်းစဉ်
ကတော့ နေတိုးတပ်ဖွဲ့ အရာရှိတွေ က သိမ်းမှာပါပဲ။
   ဒါပေမယ့် အမှိုက်ကန်ဆီ မရောက်ခင်မှာ သယ်ယူပို့ ဆောင်ရတာ ဟာ ဒေသခံ
အလုပ်သမားတွေ ဖြစ်ပါတယ်။ အဲဒီ အမှိုက်ကန် ကို ရောက်ပြီးလို့  ရေနဲ့ မိုး နဲ့ နှင်း
နဲ့ လုံးထွေးနေစဉ်မဟုတ်ယင် အဲဒီသယ်လာတဲ့ အမှိုက်မှာ ဘာတွေပါလဲ ဆိုတာသူတို့ 
ရွေးချယ် ပြီးယူငင်တတ်ကြပါတယ်။ အထူးသဖြင့် ကတ္ထူ တို့  ဖော့ပြား တို့ လို ပစ္စည်း
နောက် တခြား အီလက်ထရောနစ်စွန့် ပစ်ပစ္စည်း အစရှိတာတွေ ကို အမှိုက်သိမ်းဆည်း
သူတွေက ရွေးချယ်သိမ်းဆည်းပါတယ်။
   အခုကတော့ စာရွက်စာတမ်းတွေ ကို မီးရှို့ ချိန်မှာ သိမ်းခွင့်မရတာလား၊ ယူခွင့်မရ
တာလား၊ ဘာသာရေးကျမ်း မိတ္တူ ကို မီးရှို့ လိုက်ချိန်မှာ နောက်တစ်ရက်မှာတော့အဲဒီ
သတင်းက တောမီးလိုပဲ ကဘူးတစ်မြို့ လုံးပြန့်နှံ့ သွားပါတော့တယ်။
   ကဘူးကနေ မိုင် လေးဆယ် ဝေးတဲ့ ဘာဂရမ် မှာ ၂၁ ရက်အောက်တိုဘာ ကနေစ
ပြီးတော့ ဒေသခံ အာဖဂန်လူမျိုးပေါင်းစုံ လူအင်အား ၂၀၀၀ ကျော် တို့  စတင်ပြီးတော့
ဆန္ဒပြ ကြပါတော့တယ်။  စစ်စခန်းတွေ ရဲ့ ထုံးစံတွေ အတိုင်း စည်းအထပ်ထပ် နဲ့ အတွင်း
စည်းထိ မရောက်သည့်တိုင်အောင် အပြင်စည်း ကတော့ ခဲတွေ နဲ့ ဝိုင်းပေါက် တာခံကြ
ရတာပါပဲ။ ဆန္ဒပြသူတွေ ဟာ လည်း ဒေါသမီး ဟုန်းဟုန်း တောက်လို့  အကြမ်းဖက်ဖို့ ကြိုး
စားလာကြပါတယ်။ ခဲတွေ၊ ဓါတ်ဆီပုလင်းဗုံးတွေ နဲ့  စခန်းကို ပစ်လာလို့  အာဖဂန်စစ်တပ်
ကနေပြီးတော့ ရာဘာကျည် နဲ့ ပစ်လို့ လူစု ခွဲ ရတယ်လို့ ညဖက်သတင်းမှာဖတ်လိုက်ရ
ပါတယ်။
   အဲဒီသတင်းကြည့်ပြီးတော့ အင်း နောက်နေ့ တွေမှာလဲ ဆက်ပြီးတိုးလာနိုင်စရာရှိတယ်
လို့ တွေးမိလိုက်ပါတယ်။ နောက်နေ့ မနက် ကျွန်တော် တို့ ရုံးတက်ဖို့ အသွား ကဘူး-ဂျလာ
လာဘတ် လမ်းမကြီးပေါ်မှာ တော့ အေးအေးဆေးဆေးပါပဲ။ အဲဒီလမ်းမပေါ်မှာတော့
အမေရိကန်တပ်ဖွဲ့ ရဲ့ စစ်စခန်း Camp Phoenix တည်ရှိနေပါတယ်။ ကျွန်တော် တို့ က
အဲဒီစခန်းကို ကျော်ပြီး ၁၀ မိနစ်လောက် မောင်းသွားမှ ရုံး ကို ရောက်တာပေါ့။ ဆိုတော့
မနက် ၈ နာရီ ကျော် ကတည်းက အဲဒီလမ်းမကြီး ပိတ်သွားပြီးတော့ Camp Phoenix
ရှေ့ မှာ စတင်ဆန္ဒပြကြပါတော့တယ်။
  သူတို့ တွေက လူအင်အားက များသထက်များလာပြီးတော့ အမေရိကန် တွေတိုင်း
ပြည်ထဲ က ထွက်သွားဖို့  ဆန္ဒပြကြပါတယ်။ တာယာတွေ၊ ကိုလည်းမီးရှို့ ပြီးတော့ထုံး
စံအတိုင်း အကြမ်းဖက်ကြပါတော့တယ်။ အဲဒီအချိန်မှာ ရုံးက အီးမေးလ် ၀င်လာပါ
တယ်။ ဘယ်သူ့ ဆီကလည်းဆိုတော့ အင်္ဂလိပ်ကြီးဆီကပါ။ သူက ကျွန်တော်တို့ နေ
တဲ့ Camp ရော အခု ရုံးထိုင်နေတဲ့ Camp ကိုရော အားလုံး အပြင်မထွက်ဖို့ ။ ပြီး
တော့ လုံခြုံရေးတင်းကျပ်ထားဖို့  အကြောင်းကြားလာပါတယ်။
   ဂျလာလာဘတ် လမ်းပေါ် မှာ ဆန္ဒပြသူတစ်သိုက် အမေရိကန်စခန်း ဆိုယင်
ခဲနဲ့ပေါက်၊ မီးတင်ရှို့ လို့ ရယင်ရှို့ ၊ ကားမှန်တွေ ကို ရိုက်ခွဲ ပစ်လုပ်ကြပါတယ်။
ကျွန်တော် တို့ ရုံးတက်နေရတဲ့ ၀င်း ကြီးမှာတော့ အေးအေးချမ်းချမ်းပါပဲ။ ဒါပေ
မယ့် ဆန္ဒပြ လူထုကြီးဟာ ကျွန်တော် တို့ နေတဲ့ စခန်း ရဲ့လမ်းထိပ် အမေရိကန်
စခန်း ကို တစ်ခါ ၀ိုင်းပြီး ခဲနဲ့ ပေါက်ကြ၊ လုံခြုံရေး အပြင်စည်း ကို မီးတင်ရှို့ တယ်
သတင်းကြားပါတယ်။
   ကျွန်တော် တို့ က ရုံးဝင်းထဲမှာ ပိတ်မိနေပေမယ့်လည်း သတင်းနားစွင့်နေရပါ
တယ်။ နေတဲ့ ၀င်း မှာ အလုပ်သမားတွေ ကို ပြန်ခွင့်ပေးလိုက်ပါတယ်။ နိုင်ငံခြား
သားအားလုံးလဲ နောက်တန်းဆုတ်နေခိုင်းကြပါတယ်။
   ညနေ ၃ နာရီလောက်မှာတော့ အခြေအနေတည်ငြိမ်သွားပြီ ဆိုတာ နဲ့ ဟို
ဖက်ရုံး က နေပြီး ဒီဖက် ၀င်း ကို ပြန်ခဲ့ကြပါတယ်။ အဲဒီ အချိန်မှာ တစ်နိုင်ငံလုံး
က မြို့ တွေ ရွာတွေမှာလည်း ဆက်လက်ဆန္ဒပြနေကြပါတယ်။ သူတို့ ဘာသာ
ရဲ့  အထွဋ်အမြတ် ကိုရမ်ကျမ်း ကို အမေရိကန်စစ်သားတွေ မီးတင်ရှို့ တာဟာ
သူတို့ ကို စော်ကားတာပဲ လို့ ပြောပါတယ်။ သူတို့ ဘာသာရေး ကို အမေရိကန်
တွေ စော်ကားတာ၊ ဒီတော့ အမေရိကန်တွေ ကို တိုက်ထုတ်ပစ်ရမယ် လို့ ဖြစ်
လာပါတယ်။ သူတို့ ဟာ ဆက်တိုက် ဆန္ဒပြ နေကြပါတယ်။ ကဘူးမြို့ တင်မဟုတ်
ပဲ တခြား မြို့ ရွာတွေ မှာလည်း အပြင်းအထန်ဆန္ဒပြကြပါတယ်။
   သောကြာနေ့ သူတို့ ဝတ်ပြု ပြီးတဲ့ နောက်ပိုင်းဆက်ပြီး လမ်းပေါ်တက်လို့ ဆန္ဒ
ပြကြပါတယ်။ စနေ နေ့  နေ့ လည်ပိုင်းမှာတော့ ပြည်ထဲရေးဝန်ကြီးဌာန မှာတာဝန်
ကျနေတဲ့ နေတိုးတပ်ဖွဲ့ က အကြံပေး အရာရှိ အမေရိကန် ဗိုလ်မှူးကြီး နဲ့  ဗိုလ်မှူး
တစ်ယောက် ကို ဘယ်သူ က သေနတ် နဲ့ ပစ်သတ်သွားမှန်းမသိလိုက်ပါဘူး။
   ပြည်ထဲရေး ၀န်ကြီးဌာနဟာ ထောက်လှမ်းရေးလုပ်ငန်းတွေ၊ ရဲဌာန တွေ နဲ့ အတူ
အရေးကြီတဲ့ လုံခြုံရေးဆိုင်ရာသတင်းတွေ ကို တာဝန်ယူထားတဲ့ ၀န်ကြီးဌာနဖြစ်ပြီး
တော့ ကဘူးမြို့ မှာ သမ္မတနန်းတော် လိုပဲ လုံခြုံရေး အင်မတန်ထူထပ်ပြီးတော့ အလုံ
ခြုံဆုံးနေရာဖြစ်ပေမယ့်လည်း အမေရိကန် အရာရှိနှစ်ယောက် ဟာ သူတို့ ရုံးခန်းမှာ
ပဲ လုပ်ကြံသတ်ဖြတ်တာခံလိုက်ရပါတယ်။
   ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဘယ်သူက လုပ်ကြံသွားလဲ မသိလိုက်ပါဘူး။အဲဒီ
ရက် မတိုင်ခင်တွေ က လည်း အမေရိကန်တပ်ပေါင်းစု နဲ့ နေတိုးတပ်ဖွဲ့မှူး ကလည်း
ပဲ ၀န်ချတောင်းပန်ခဲ့ပါတယ်။ ရည်ရွယ်ချက်မရှိပဲ နဲ့  မှားတဲ့ အကြောင်းပေါ့။ အမေရိ
ကန်သမ္မတ ကလည်းပဲ အာဖဂန်သမ္မတ ကို စာရေးတောင်းပန် လိုက်ပါပြီ။
  ဒါပေမယ့် လည်း အာဖဂန် က ဆန္ဒပြ သူတွေ ကို ဘယ်လိုမှ မဟန့်တားနိုင် သလိုပဲ
အမေရိကန် တွေရဲ့  အရပ်ဖက် စစ်ဖက် တွေ ကို ပစ်သတ်နိုင်တဲ့ အထိ ခြိမ်းခြောက်
လာပါတော့တယ်။
   နေတိုးတပ်မှူး ကတော့ နောက်တစ်ရက်မှာ တော့ သူ့ ရဲ့ အကြံပေး အရာရှိအားလုံး
အာဖဂန်ဝန်ကြီးဌာန တွေက နေပြီးတော့ ပြန်ခေါ်ယူလိုက်ပါတော့တယ်။ ဘယ်အချိန်
ထိ ဆိုင်းငံ့ ထားမလဲ ဆိုတာလဲ မသိနိုင်ပါဘူး။ အာဖဂန် အစိုးရ ၀န်ကြီးဌာန တိုင်းမှာ
အမေရိကန် နဲ့  နေတိုးတပ်ဖွဲ့ က အကြံပေး အရာရှိတွေ နဲ့  တွဲဖက် လုပ်ကိုင်ဆောင်
ရွက်နေကြပါတယ်။ အမေရိကန်၊ အင်္ဂလိပ်၊ပြင်သစ်၊ ဂျာမဏီ အစရှိတဲ့ နိုင်ငံကြီးတွေက
အကြံပေးတွေ များပါတယ်။
   အဲသလို နေတိုးတပ်ဖွဲ့ က သူတို့ တပ်ဖွဲ့ ဝင် ပြည်ထဲရေးဝန်ကြီးဌာနမှာ လုပ်ကြံသတ်
ဖြတ်ခံရလို့  အကြံပေးအရာရှိတွေကို ပြန်လည်ခေါ်ယူနေဆဲမှာပဲ တစ်ချို့ ဌာနတွေက
တယ်လီဖုန်း နဲ့ အလုပ်လုပ်နေကြပါတယ်တဲ့။ တနင်္ဂနွေ နေ့ မှာတော့ မြောက်ပိုင်း က
Conduz မြို့ မှာ ကုလ ရုံးကို ဆန္ဒပြသူတွေ ၀ိုင်းတိုက်ခိုက်ကြပါတယ်။ နောက်တစ်ရက်
ကျတော့ အဲဒီမြို့ က နေတိုးတပ်ဖွဲ့ စခန်း ၀င်း ကို လက်ပစ်ဗုံး နဲ့ ပစ်လို့  တပ်ဖွဲ့ ဝင် ၇
ယောက် ဒဏ်ရာ ရကြပါတယ်။
   ဒီဆန္ဒပြသူတွေ ကို သမ္မတ ဆင်းတာလဲ မရတော့ပါဘူး။ ဆက်ဆက်ပြီး သွားနေမှာ
ဘယ်အချိန်ထိလဲ မသိနိုင်ပါဘူး။ မနေ့ က မနက်ပိုင်းမှာ ကဘူး အရှေ့ ဖက် က ဂျလာလာ
ဘတ် စစ်ဘက်ဆိုင်ရာ လေယဉ်ကွင်း ကို အသေခံကားဗုံး ခွဲ တာမို့  အရပ်သား တွေ ၉
ယောက်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရပြီး မော်တော်ကား လေးစီး ပျက်စီးဆုံးရှုံးခဲ့ ပါ
တယ်။
   ဗုံးခွဲ ပြီးတော့ တာလီဘန်တပ်ဖွဲ့ က သူတို့ လက်ချက်ဖြစ်ကြောင်း၊ သူတို့ ဘာသာ
ရေးကျမ်း ကို မီးရှို့ တာကြောင့် အမေရိကန် တွေ ကို လက်စားချေ ခြင်းဖြစ်ကြောင်းကြေ
ငြာပါတယ်။ တကယ်သေတာ က အပြစ်မဲ့  ပြည်သူတွေပါ။ အမေရိကန်တပ်ဖွဲ့  ကဒဏ်
ရာ ရတယ်တောင် မကြားပါဘူး။
   ကန်ဒါဟာ၊ ဂါဇနီ၊ ဟီရတ် အစရှိတဲ့ မြို့ တွေမှာလည်း ဆန္ဒပြနေကြပါတယ်။ အစိုးရတပ်
ဖွဲ့ နဲ့ ရဲ တို့ ကလည်း ဆန္ဒပြ သူတွေ ကို နှိမ်နှင်းတာ အခု ဆို လူ ၃၀ နီးပါး သေဆုံးခဲ့ ကြ
ရပါပြီ။ အမေရိကန် ဖက်က ၇ ယောက် သေဆုံးခဲ့ ပါပြီ။
    ဘာသာရေးနဲ့  က တော့ ပဒူအုံ ကို တုတ် နဲ့ ထိုးသလို ဖြစ်နေတာမို့  အမေရိကန်က
အခု ချိန် အတော်ဘေးကျပ်နံကျပ်တွေ တွေ့ နေရပါတယ်။ ဒါပေမယ့်လည်း ခုလို အကျပ်
အတည်းကြောင့် သူတို့ ရဲ့ တပ်ရုပ်သိမ်းရေး က စောစောရုပ်သိမ်းမှာ မဟုတ်ကြောင်းကို
တော့ အမေရိကန်အာဖဂန်သံအမတ်ကြီး က အကြံပေးပြောသွားတယ် လို့ ဖတ်ရှု့ ရပါ
တယ်။
    တစ်ခုတော့ ခန့် မှန်းနိုင်တာ က ဆန္ဒပြသူတွေ ဟာ နေရာ ကွက်လို့ ပြနေတာကြောင့်
စည်းလုံးဖို့ တော့ မဖြစ်နိုင်ပါဘူး။ အများစု ကလည်းပဲ ဆင်းရဲသား လက်လုပ်လက်စား
တွေ များတော့ အလုပ်မလုပ်ကြပဲ နဲ့  ဆန္ဒဆက်ပြနေယင် သူတို့ ထမင်းငတ်လာစရာရှိ
ပါတယ်။ အဲဒီ အချိန် ထိ တောင့်ခံပြီး အမေရိကန် ကို တိုက်ရမှာလား။
   ရက်ကြာလာတာနဲ့  အမျှ တော့ ဆန္ဒပြပွဲ က လူလျော့သွားမှာပါ။ ခုလိုချိန်မှာတော့အ
စိုးရဖက် က အကြမ်းဖက် နှိမ်နှင်း ဖို့ ပြင်လာပါပြီ။ အယင် ရက်တွေ ကလည်း ပဲ အစိုးရ
ရဲ နဲ့  စစ်တပ် က သေနတ်တွေ နဲ့ ပစ်ခတ် လို့  သေကြခဲ့ ကြရပါပြီ။ ဆန္ဒပြသူတွေ က
လည်း တစ်ဆင့်တက်လို့  သေနတ်ယူဆောင်လာပြီးတော့ ရဲ ကို ခုခံပစ်နေပါပြီ။ ဒီလို
နဲ့  ပြည်တွင်းစစ် ကို လည်း ဦးဆောင်သွားနိုင်ပါတယ်။
    ဒါပေမယ့် အစိုးရ ကတော့ ခုနောက်ပိုင်းမှာ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ကိုစောင့်
ကြည့်ရဦးမှာပါ။
   အမေရိကန် နဲ့  နေတိုးတပ်ဖွဲ့ တွေ ကတော့ သူတို့  အချိန်ဇယား အတိုင်း ၂၀၁၄ ခုနှစ်
ကုန်မှသာ တပ်ဖွဲ့ တွေ လျော့မှာလုပ်သွားမှာပါ။ နေတိုးအဖွဲ့  သာ သွားပေမယ့် အမေရိ
ကန်တပ်ဖွဲ့ ကတော့ နောက်ထပ် ၁၀ နှစ် ထပ်နေဦးမှာပါ။
   တာလီဘန် တပ်ဖွဲ့ ကတော့ အမေရိကန်သွားတာနဲ့ ပြန်လည်ပြီး ခေါင်းထောင်လာနိုင်
ပါတယ်။ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ နဲ့ စစ်တပ် က အမေရိကန်လက်ထဲ က လုံခြုံရေးကို
လွှဲယူပြီးနောက်ပိုင်းတော့ ဘယ်လို အခြေအနေ ဖြစ်လာနိုင်သလဲ ကို စောင့်ကြည့်ရမှာပါ။
နေ့ ခင်း အာဖဂန်တပ်သား၊ ညပိုင်း တာလီဘန်တပ်သား လဲ ဖြစ်သွားနိုင်ပါတယ်။ ဒီမှာက
ယုံကြည်လို့ မရပါဘူး။ ပြည်ထဲရေးဝန်ကြီး ရုံးထဲ က အမေရိကန် အရာရှိ ကို လုပ်ကြံတာ
ကလဲ အာဖဂန်ရဲ ထောက်လှမ်းရေး အရာရှိလို့ ပြောပါတယ်။ သူ့ ကို တာလီဘန် ကကြိုး
ကိုင်စေခိုင်းခဲ့ ကြောင်း ပေါ်ထွက်လာပါတော့တယ်။ ဒီတော့ နေရာတိုင်းမှာ တာလီဘန်
ရှိနေနိုင်တယ် ဆိုတာ ထင်သာမြင်သာရှိလာနေပါပြီ။
   အတောမသတ်နိုင်တဲ့ဆန္ဒပြပွဲတွေ ထပ်ဖြစ်လာယင် ထပ်မံတင်ပြပေးသွားပါဦးမယ်။
မငြိမ်းချမ်းနိုင်သေးတဲ့ ၊ စစ်မြေပြင်အဖြစ် အာဖဂန်ပြည်ကြီး ဆက်လက်မြင်နေရပါဦးမယ်။

ကိုးကား....
ဘီဘီစီ၊ အယ်လ်ဂျာဇီးယား၊ ရိုက်တာသတင်းဌာန မှ သတင်းများ ကို အခြေခံပြီးတော့
ကဘူးမှ အဖြစ်အပျက်များနှင့် ပေါင်းစပ်ထားပါသည်။

စာဖတ်သူများကို အစဉ်လေးစားသောအားဖြင့်



   

3 မှတ်ချက်:

Anonymous said...

Hello!
Ko Ko Mg Mg , Take care.
ma kkine

ko 9 said...

ဒီလိုအချိန်မှာခင်ဗျားဆ၇ာသစ်တွေ၇ဲ့အမူအ၇ာ..လုပ်ဆောင်ချက်တွေေ၇းပါအုံးဗျ...Take Care..

Anonymous said...

ကိုမောင်

သတိရနေတာ သတိထားပါ

ခင်မင်လျှက်
ရွှေစင်ဦး