Friday, May 15, 2009

ကန္တာရ ထဲ က ခံစားမှု့ များ (အပိုင်း -၂)

အင်းခိုငြီးသလို ငြီးတာ မဖြစ်ပါစေနဲ့ ။ ဆက် ပြောပါရစေ။ မနေ့ က အဆက်ပေါ့နော်။
လုပ်သားအင်အား မရှိလို့  ငှားရပါတယ်။ လေဘာတွေ ထောက်ပံ့ ပေးတဲ့  ဆီကနေ ၁၀ ယောက် ငှားပြီးတော့
နောက်နေ့ အလုပ်စပါတော့တယ်။
အလုပ်သမား ၁၀ ယောက်ထဲ မှာ နာမယ် မှတ်မိတာ က တော့ မစ္စတာ မနီ ၊ မိုဟန် နဲ့  ၀မ်းဘော
ဒတ် ပဲ မှတ်မိတော့တယ်။ အဲဒီ မနီ က ခပ်၀၀ ဗိုက်က ရွှဲသေးတယ်။ နေပူထဲ မှာ ပစ္စည်း အလေး တွေ သယ်
ရ ပိုးရ ဆိုတော့ အဲဒီ လူတွေ ကိုတော့ သနားပါတယ်။
ကိုယ် လဲ သူတို့  ကို ခိုင်းတာ တော့ မရက်စက်ပါဘူး။ အလုပ်က လဲ တစ်နေ့ စာတစ်နေ့ ပုံမှန်ပြီးရမယ့်
အပိုင်းတွေ ကိုထည့်တွက်ရသေးတယ်။ ငတ တွေ ကတော့ လျှာထွက်ပေါ့ဗျာ။ ထိုင်း တပည့်ကျော် နှစ်ယောက်
ကတော့ သယ်လာတာ တွေ ကို အစိတ်အပိုင်းလိုက် ဆက်စပ် ပေါ့။
ရေ ကိုတော့ ကားနဲ့  သွား ယူကြရပါတယ်။ ထမင်းစားချိန် တော့ သူတို့ တွေ ဆိုက်ရုံးထဲ ၀င်စားကြပါတယ်။ သူတို့ တွေ အားလုံး က အိန္ဒိယ နိုင်ငံ တမီနာဒူးပြည်နယ်ကလာကြတာပါ။ အေဂျင့် မှာ အပ်ပြီး
နေကြတာ ပေါ့။ အေးဂျင့် က ပေးတဲ့ နေရာမှာ နေရပါတယ်။ ကျွေးတာ စားရပါတ။ ပေးတဲ့ လခ ကတော့ နှိမ်ပေးပါတယ်။ ဆိုလို တာ က အေးဂျင့် က နေပြီး တစ်ယောက် ကို တစ်ရက် ၁၀၀ ယူပါတယ်။ ပေးတော့
တရက် ၃၀ ပဲ ပြန်ပေးပါတယ်။ ဒါက လဲ သူတို့  က သဘောတူထားတာလေ။
ပစ္စည်းတွေ ကိုတပ်ဆင်ရတဲ့ အလုပ် ဆိုတော့ နောက်ပိုင်းမှာ သိပ်မခက်တော့ပဲ သူတို့  အလုပ်
သဘာဝ ကို သိသွားတဲ့ အခါမှာ အဆင်ပြေလာပါတယ်။
နောက်ထပ် Company ကိုယ်ပိုင် အလုပ်သမားတွေ ရောက်လာပါတယ်။ တမီနာဒူးပြည်နယ်ကပါပဲ။ ၆ ယောက် အယင်ရောက်ပါတယ်။ ၂ ရက်နောက်ကျပြီးမှ တစ်ယောက်ရောက်လာပါတယ်။ နာမည်တွေ မှတ်မိသလောက် ကတော့ မစ္စတာ အာတီးမူးတူး ၊ ရာဂ်ျ ကူးမား
ဆေးဗား ကူးမား ၊ ဆာမိ ၊ သဒ်စ် ၊ ကာနာဂရပ်ဂ်ျ ၊ တာမရပ်ဂ်ျ တို့ ဖြစ်ကြတယ်။ ရောက်ခါစ တော့ အဲဒီ အလုပ်သမား များ အင်္ဂလိပ်လို တစ်လုံးမှ မတတ်ပါ။
မတတ်ဘူးဆို သူတို့  အယင် ကလုပ်ကိုင်ခဲ့ ကြတာ က အာတီမူတူး က ကားဒရိုင်ဘာ၊ ရာဂ်ျ ကူးမား ကားဒရိုင်ဘာ၊ ဆေးဗားကူးမား က ဆိုင်ရောင်း ၊ ဆာမိက ဆိတ်သားရောင်း၊ ကာနာဂရပ်ရှ် က အပ်ချုပ်သမား။
အလုပ် က လဲ ဘာမှ မတတ်ပါ။ ဂွတစ်ချောင်း ကို ကိုင်ပြီး ဘို့ နပ် တွေ ကို ဖြုတ်ဖို့ တပ်ဖို့ 
ပြီးတော့ အခေါ်အဝေ တွေ အားလုံး ပြန်သင်ရပါတယ်။ သူတို့ တွေ အတွက် ၀တ်စုံတွေ Safety Shoes တွေ သွား
ဝယ်တဲ့  ကားသမား ဘာဘူ ကတော့ အတော် ပွသွားပါတယ်။ အပေါစားတွေ ၀ယ် ပြီး ဈေးတင် ရိုက်တာပါ။
ဘာဘူ က မျက်လုံးက ကျီးကန်းမျက်လုံးလို ။ လူက ဗိုက်တစ်လုံးပဲ ၀တယ်။ကျန်တာ က ပိန်တယ်။ ဖင်က ရှူး
သေးတယ်။ နဖူးက ပြောင်သေးတယ်။ စကားပြောယင်လဲ ဟောက်စားက များတယ်။
ဒါပေမယ့် ဘာဘူ က အလုပ်သမားတွေ ကို အုပ်ချုပ်ထားတယ်။ သူဌေး က ခိုင်းတာ ကို။
ဘာဘူ က မလေအလမ် လူမျိုး။ တမီလ်စကား တတ်တယ်။ ဟင်ဒီ ဘာသာ လဲ နဲနဲ ပြောနိုင်တယ်။ ဒူဘိုင်း
နဲ့  အရှေ့ အလယ်ပိုင်း နိုင်ငံ တွေ မှာ အိန္ဒိယ နိုင်ငံ သားအများစု လာလုပ်ကြပါတယ်။
ဒုတိယ လိုက်တာ ကတော့ ဖိလစ်ပိုင်တွေ ပါ။ ခုတော့ တရုတ်တွေလဲ လိုက်လာပါပြီ။
ပြီးတော့ ဘင်္ဂလားဒေရှ် တွေ ပါ။ မြန်မာ က အဲဒီ တုန်း နဲပါသေးတယ်။ ထိုင်း ကလဲ အဲဒီတုန်း က သိပ်မရှိပါ။
ဒီတော့ ဒူဘိုင်းမှာ အများဆုံး အိန္ဒိယ နိုင်ငံသားတွေ ပါ။ အဲဒီထဲ မှာတော့ ကဲတလားပြည်နယ် (မလေအာလမ်) လူမျိုး တွေ က အများဆုံး ပါ။ ဘာဘူ က အဲဒီလူမျိုးပါ။
စကားတောင် ပြတ်သွားတယ်။ ကုလားတွေ အကြောင်း ရှင်းနေရတာ။
ဘာဘူအကြောင်း ကတော့ အတော်လေး ပြောစရာပါ။ သူက ကားဒရိုင်ဘာ ဆိုပေမယ့် လည်း မန်နေဂျာ
နေရာမှာ နေချင်တာပါ။ သူ ကခါးထောက် လက်ညှိုးထိုး ခိုင်းနေပါတယ်။ ဒီတော့ သူ့  ကို မောင်းထုတ်ရပါတ။်
စကားများရပါတယ်။ ဘာဘူ ကို ပစ္စည်း တစ်ခု လို လို ၀ယ်ခိုင်းယင် သိပ်သဘောကျပါတယ်။
ဘောက်ချာ ကနေ ခိုးနေရလို့ ပါ။ ဘာဘူ က ဆိုင်သွားယင်လဲ လစ်ယင် လစ်သလို ခိုးပါတယ်။
အသေးအဖွဲံ လေးတွေ ပါ။ အချောင်ရယင် လဲ အကုန်ယူပါတယ်။ ကုလားသူဌေး လာယင် တော့ သူ က နေ
ရှေ့ က ရှင်းလင်းပါတော့တယ်။
အလုပ်စတာ နဲ့  ဘာဘူ က ကားထဲ ၀င်အိပ်ပါတယ်။ မနက် ခြောက်နာ ရီ လောက် အလုပ်ထဲ
ရောက်တာကို။ ၉ နာရီလောက်မှ ထပြီး တော့ ကားနဲ့  အဆောင်ပြန်ပါတယ်။ မနက်စာ ကိုစားပြီး လာပါတယ်။
ကျွန်တော် တို့ ကတော့ အဆောင် ကနေ အပြီး မနက်စာ စားလာပါတယ်။
ကုလားတွေ အလုပ်သမားတွေ က တော့ မနက် ၉ နာရီမှာ မနက်စာ စားကြပါတယ်။ နေ လည်း ပူလာပါပြီ။ အရိပ်လည်း မရှိသေးပါ။ ဖောင်ဒေးရှင်း အုတ်မြစ်လုပ်ငန်း တွေ တော့ ပြီးတန်သလောက် ပြီးနေပါပြီ။
ဂိုဒေါင် အတွက် တိုင်တွေ ထုပ်တန်းသံဘောင်တွေ လာချတာတွေ့ ပါတယ်။ အဲတာ တွေ က တော့ လာပဲ ပုံထားတာပါ။ ကုလားသူဌေး ကိုပိုက်ဆံတောင်းတာပေါ့.။
ကျွန်တော် တို့ တွေ က အပေါ်တွေ မှာ တပ်ဆင်ရမယ့် ( walkway) နဲ့  elevator tower တွေ ကို
စဆင်ကြပါတယ်။ မြေပေါ်မှာ ပဲ အပိုင်းလိုက်တပ်ဆင်ရတာပါ။
ကျွန်တော် တို့ ရဲ့ ပင်မ သိုလှောင်ရုံ ( Super Bin) တန်ချိန် ၃၀၀၀ ဆံ့ ကတော့ မစရသေးပါ။
အားလုံးအလုပ်သမား ၁၇ ယောက် နဲ့  အတူ အလုပ်တွေလုပ်နေရပါတယ်။ နေ့ လည် ဖက်များ ပူလိုက်တာ
သဲ ကလဲ ပူ နေကလဲ ပူ နဲ့  ရေ ခဏ ခဏ ဆာပါတယ်။ အဆောင် ကထည့်လာတဲ့ ရေခဲ တုံး ကလဲ ၁၀ မိနစ်ပဲ
ခံပါတယ်။
ပြီးတော့ လေပူကလဲ တိုက်တာ မှ ပြောမနေပါနဲ့ ။ အရပ်တခွင်တပြင်လုံး လေတိုက်ယင်
သဲတွေချည်းပါပဲ။ အိပ်မက်တောင် မမက်ဖူးပါဘူး။ ထိုင်ငိုချင်စိတ်တောင် ပေါက်လာပါတယ်။ သို့ ပေမဲ့ လည်း
ငါ လည်း ယောက်ျား ဘသား ဘာလို့  ဇွဲလျော့မလဲ ပေါ့။ အဲလို ကနေ တစ်လ ပြည့် သွားပါပြီ။ နောက်တစ်လထဲ
ရောက်တော့ ယင် အောက်ခြေ မှာ ဆင်ထားတဲ့  လုပ်ငန်း တွေ ပြတ်သွား ပြီ ဆိုတော့ သိုလှောင်ရုံ (Super Bin) တပ်ဆင်ရေး ကို စပါတယ်။
Super Bin ရဲ့  အမိုးပိုင်းတွေ အားလုံး ခြောက်လုံး လိုက်ဆင်ပါတယ်။ လူနှစ်စုခွဲ ဆင်ပါတယ်။
ပြီးတော့ မြေပြင်ပေါ်လှဲ ဆင်ထားတဲ့  Elevator Tower ( သီးနှံ ခပ် ခွက် စင်) ကို ကရိန်း ကား နဲ့ ဆွဲ ထောင်
လိုက်ပါတယ်။ မြေပြင် မှ အမြင့် ၄၅ မီတာ ( ၁၄၇ ပေ) မြင့်ပါတယ်။ သူနဲ့ အတူ Bucket Elevator ကိုလည်းတပ်
ဆင်လိုက်ပါတယ်။
ပူပူပြင်းပြင်း ဇွန်လထဲ မှာ လုပ်နေကြတာပါ။ သိုလှောင်ရုံကလဲ အမြင့်ပေ ၉၀ မြင့်လာမှာ မို့ 
တည်ဆောက်ပြီးယင်တော့ ကြည့်ကောင်းမယ် ဆိုတာ မှန်းကြည့်ပါတ။် ဇွန်လ နေပူတာ အပူပြင်းပုံ က နေ့လည် ၁ နာရီလောက် ဆို ဘာမှ မလုပ်ပဲ ရပ်နေတာ ကို က ချွေးတွေ စီးကျလာပါတယ်။ ကျွန်တော် များသောမားဖြင့်
အရိပ်ထဲ နေတာ များပါတယ်။ အလုပ်သမားတွေ က တော့ နေပူထဲ သွားလိုက်လာ လိုက် နဲ့  သူတို့  အင်္ကျီ က ချွေး တွေ မကြာခဏ ညစ် နေတာ ကို တွေ့ ရပါတယ်။ ပူပြင်းချက် က စဉ်းစားသာကြည့်ပါ။
အဲလို နဲ့  ဗီဇာ ၂ လပြည့် တဲ့ အချိန်မှာ တော့ တိုင်ပတ် ရပါတော့တယ်။ တပည့် ကျော် ထိုင်း
၂ ယောက် ကလည်း အီးလို မတတ် တော့ ကိုယ်က ပဲ အားလုံး ရှေ့ ဆောင် နွားလားလုပ်ရပါတယ်။
တိုင်ပတ် တာ ကလဲ သိပ်တော့် မဝေးပါ။ ဒူဘိုင်း ကနေ ၄၅ မိနစ် လေယဉ် စီးရတဲ့  အီရန် ပိုင် က ကစ် ရှ်
ကျွန်း ကိုပါ။ အဲဒီ ကျွန်း က တီဟီရန် နဲ့  အရမ်းဝေးပြီး ဒူဘိုင်း နဲ့ နီးပါတယ်။ ဒါကြောင်း ဒူဘိုင်း အစိုး ရ နဲ့  ညှိနှိုင်း
ပြီး ငွေ ရှာကြတာပါ။
ဒူဘိုင်း က အထွက်တုန်းထု ပြီး ဟိုမှာ အ၀င်ပြယင် ကို ပဲ ဗီဇာ အသစ် လျှောက် လို့ ရပါပြီ။
စာအုပ် ကို မိတ္တူ ဆွဲ ပြီး ဖက်စ် နဲ့  ဒူဘိုင်း လေဆိပ်ထဲ ကနေ ပို့ ရတာပါ။ ဒူဘိုင်း လေဆိပ် လုံခြုံရေး ကလည်း အထူးတင်းကျပ်ပါတယ်။ ခါးပတ်၊ ရှူးဖိ နပ် တွေ အားလုံး ချွတ်ရပါတယ်။
ပြီးတော့ လ၀ ကမှာ အထွက်ထုရပါတယ်။ လေယဉ်လက်မှတ်က ကစ်လေကြောင်းလိုင်း မို့ 
သူတို့  သဘောပေါက်ပါတယ်။ အဲဒီလို နဲ့  အီရန်ပိုင် နက်ထဲ ကို ရောက်ပါပြီ။ ဒူဘိုင်း ကနေ ၀ယ်လာတဲ့ အရက် ပုလင်း လေး နဲ့  ဇိမ်ကျမလားပေါ့။ ဘယ်က သာဗျာ။ ကာစတန် အရှာရိတွေ သိမ်းလိုက်တယ်လေ။ မူစလင် နိုင်ငံ
ဥပဒေ အရပေါ့ဗျာ။ လေယဉ် အတူစီးလာတဲ့  ဖား မတွေ အားလုံး ခေါင်းမြီး ချုံ ရပါပြီ။
ခေါင်းမြီး မချုံတဲ့  မိန်းကလေး ကို ရဲ ကနေ အတင်းချုံခိုင်းပါတယ်။ ဟိုတယ်က ကားနဲ့ လာကြိုပါတယ်။ အဲဒီ ကစ် ကျွန်း အကြောင်း လဲ ဆောင်းပါးရေးဖူးပါတယ်။

ခုည တော့ အပိုင်း ၂ ကို နားဦးမယ်။

ဓါတ်ပုံတွေ က ကိုယ်ပိုင်တွေ ရော Google earth ကပါကူးထားတာပါ။

အပိုင်း ( ၃) ကို ဆက် ရန်ရှိပါတယ်။


မောင်မောင်

No comments: