အထက်ပါ အကြောင်းအရာသည်ကား ကျွန်ုပ်တို့  ရဲ့  အလုပ်ဋ္ဌာန ခွဲတစ်ခု မှ မန်နေဂျာ
ကြီးတစ်ဦး မှ နေပြီး မြန်မာ အင်ဂျင်နီယာ တစ်ဦး အား မေးခွန်း မေးခဲ့သော အကြောင်း
အရာများ ကို ပြန်လည် ဖောက်သည်ချခြင်း သာဖြစ်ပါသည်။
အုပ်ချုပ်မှု့  အသစ်ပြောင်းလဲ ပြီးနောက် အင်္ဂလိပ်ကြီး က တိုင်းပြည် မန်နေဂျာ အဖြစ်
တာဝန်ယူလာပြီးနောက်ပိုင်းတွင် ဌာနခွဲ များ ကို အုပ်ချုပ်ရန် အလို့ ငှာ အတွက် သူ့ 
လူမျိုးများ ဖြစ်သော အင်္ဂလိပ်လူမျိုးများ အား ခေါ်ယူ ခန့် ထားလေ ၏။ ဌာန တစ်ခု ကို
ကိုင်တွယ် တာဝန်ယူရမည့် မန်နေဂျာ သည် သူ့ ဌာန ရဲ့ လုပ်ငန်း အား အတော်အတန်
ကျွမ်းကျင် မှု့ ရှိရမည် ဖြစ်သော် ငြားလည်း ၊ ယခု မူကား အင်္ဂလိပ်လူမျိုး ဖြစ်လျှင် မန်
နေဂျာ ဖြစ်ရန်သေချာ သလောက်ရှိလေသည်။
မည်သည့်လုပ်ငန်းမျှ ကျွမ်းကျင်တတ်မြောက်ရန် ကား မလို။ အဓိက ဖြစ်ရန်မှာ ကား
အင်္ဂလိပ် အနွယ် ဖြစ်လျှင် ရသည်။ ဤသို့ နှင့် အဆိုပါ ဂတုံး အင်္ဂလိပ်သည်ကား ပါဝါ
ဒဗီးရှင်း မန်နေဂျာ ဖြစ်လာရလေသည်။ အယင်အလုပ်သည် ကား လုံခြုံရေး ကုမ္ပဏီ
တစ်ခု မှ လုံခြုံရေးမန်နေဂျာ လုပ်ခဲ့သည်ဟူသတဲ့။ တာဝန်ယူခဲ့သော နေရာ ကား အ
မေရိကန် သံရုံး အပြင်စည်း လုံခြုံရေးမန်နေဂျာ ဟူလို ။
လုံခြုံရေး မန်နေဂျာ တာဝန် သည်ကား အရပ်အရပ်မှလာသော သတင်းအချက်အလက်
များကို စုစည်း ကာ သူ့ ကွပ်ကဲရသော လုံခြုံရေးဝန်ထမ်းများ ကို ခွဲဝေတာဝန်ချထားရန်
သာ ဖြစ်လေ၏။ ယခု မူကား တာဝန်ယူရမည့် တာဝန်အသစ် မှာ မီးစက်များ ရောင်းချ
ရန်၊ အပိုပစ္စည်းရောင်းချခြင်း ကို ကွပ်ကဲရန်၊ ထို့ အပြင် ယန္တရား အသစ်များ ကို တာဝန်
ယူရောင်းချ ခြင်း ဖြစ်လေသည်။ တာဝန်နှစ်ခု ၊ အတွေ့ အကြုံနှစ်ခု ကား များစွာ ကွာခြား
လေ သည်။ လုံခြုံရေးမန်နေဂျာ ဖြစ်ရန် စစ်ဖက်၊ ရဲ ဖက် အတွေ့ အကြုံ လိုအပ်သဖြင့်
ယခင် က တပ်ထွက်၊ ရဲထွက်မှသာ နေရာ ရနိုင်ပေသည်။
ယခု နေရာကား ထိုသိုမဟုတ်၊ မီးစက် ၊ ယန္တရား၊ စက်အပို ပစ္စည်း များ ကို ရောင်းရန်အ
တွက် အတွေ့ အကြုံလိုသည်မှန်ရကား ၊ သည်နေရာတွင်ကား တတ်ရန်မလို၊ လူမျိုးတူ
ရန်လိုသဖြင့် ဟန်ကိုယ့်ဖို့ ဖြင့် ကား ၀င်ရောက်နေရာ ယူလေ၏။
ကဘူးမြို့ ၌ ဇန်န၀ါရီလ ၁၄ ရက် ၁၅ ရက် အတွင်း အင်မတန် ထူထပ်သော နှင်းကျ
လေသော အခါ မီးစက် ၄၀၀ ကေဗွီအေ စက် ၂ လုံး ထားသော ဂျန်စက် သည်ကား အ
ဆင်မပြေ ဖြစ်လေသည်။ အဆိုပါ အင်္ဂလိပ်မန်နေဂျာ ဂတုံး၊ နှင့် ကျွန်ုပ်တို့  မန်နေဂျာကု
လား၊ တိုင်းပြည်ခွဲမန်နေဂျာ အင်္ဂလိပ်ကြီး တို့ သုံးဦး သည် ည က မီးစက်ပျက်သော အ
ကြောင်း ကို ရာသီဥတု ဆုံးရွားသဖြင့် ဂျန်စက် အား အမိုးအကာ ဖြင့် ထားရန် ၊ စီစဉ်
ကြလေ၏။ ပထမဦးဆုံး အကြံမှာ ပေ ၂၀ ကွန်တိန်နာ အလွတ် အား ဘေးမှ ဖောက်ပြီး
ထို ၄၀၀ KVA စက်နှစ်လုံး အားထည့်ရန် ကြံလေတော့သည်။
ထိုအခါ ကျွန်ုပ်တို့ ကလည်း ထိုသို့  မီးစက်အား ကွန်တိန်နာဖြင့် ထည့်ရန် မဖြစ်နိုင်
ကြောင်း၊ အော်ရီဂျင်နယ် ကွန်တိန်နာမီးစက် မှာ မှသာ ဖြစ်နိုင်ကြောင်း ပြောသဖြင့် ပျက်
ရလေကား လက်ရှိ ဂျန်စက် ထားသော နေရာ အား မီးစက်ရုံ အား အလုံပိတ်တည်ဆောက်
ပြီးနောက် အဲယားကွန်း အပြည့်တပ်ဆင်ရန် ညွှန်ကြားလေတော့သည်။
ထို အခါ ကျွန်ုပ်တို့ သည် အဲယားကွန်းတပ် မီးစက်ရုံ ကို ဒီဇိုင်းရေးဆွဲ ခဲ့လေသည်။
၂၄၀၀၀ ဘီတီယူ အဲကွန်း လေး လုံးတပ်ဆင် ရန် ဒီဇိုင်းဆွဲ ကာ အပေါ်မှ အမိုး အားလည်း
ဖြုတ်တပ်လွယ်ကူ ရန် အတွက် တပ်ဆင်တည်ဆောက်ခဲ့လေသည်။ ထို ၄၀၀ KVA မီးစက်
ကြီး နှစ်လုံး မှ ထုတ်လွှတ်သော အပူ စွမ်းအား သည်ကား ထိုလေအေးစက်များ တပ်ဆင်
ရန်မဖြစ်နိုင်ကြောင်း၊ မီးစက်ရုံအား လေ၀င်လေထွက် ကောင်းရန် ဇကာပေါက်များတပ်
ဆင်ရတော့သည်။
ဂျန်ဆက်များ ထားသော နေရာကား စက်မှထွက်သော အပူ အား စွန့် ထုတ်ရန် အ
တွက် အရေးကြီးလေ၏။ ရွှေဥာဏ်တော်စူးသော အင်္ဂလိပ်မန်နေဂျာကြီး ညွှန်ကြားချက်
ကား ထို မှ အပူစွမ်းအင်များ ကို အဲကွန်းများ တပ်ဆင်လိုက်ခြင်း အားဖြင့်မီးစက်များ အပူ
မလွန်စေတော့ပြီဟု ယူဆမည်ဖြစ်၏။ သည်နိုင်ငံ များ တွင် မီးစက် များ အား ထားရန်အ
တွက် ဆောက်ကြရာတွင် အပေါ်ပိုင်း အမိုး သာ တပ်ဆင်ထားပြီး နောက်
ဘေး ပတ်လည်ကား ကာ ရန်ခြင်းလုံး ၀ မရှိလေသဖြင့် သဘာဝ လေအေး ဖြင့် သာ အပူ
လျော့ချလေသည်။ ဆောင်းတွင်း ကာလ နှင်းကျခြင်းမှ အမိုး က ကာကွယ်ပေး လေသည်။
ယခု မူကား အင်္ဂလိပ်ကြီး မှ ထို ဂျန်ဆက်အဆောက်အဦး အား လေးဖက်ပတ်လည် အလုံ
ပိတ်ကာလျှင် လေအေးပေးစက် တပ်ဆင်ခြင်းသည် သာ ရာသီဥတု ဘေးမှ ကာကွယ်
မည်ဟု အမိန်ပေးလေသည်။
ကျွန်ုပ်တို့ သည်လည်း အရွဲ့ တိုက် ကာ အလုံပိတ်ဒီဇိုင်းသာ လျှင်ဆွဲပေး ကာ တည်ဆောက်
ထားလေသည်။
ထို့ နောက် ထို အင်္ဂလိပ်ကြီး သည် မြန်မာ အင်ဂျင်နီယာ တစ်ဦးအား ခပ်တည်တည်နှင့်
မေးလေသည်။
ဂတုံး မေး... မင်း က လျှပ်စစ် အင်ဂျင်နီယာ လား
အောင်......ဖြေ။ ။ ဟုတ်ကဲ့
ဂတုံး... မေး ။ အဲတာ ဆိုယင် မင်း က Three Phase Engineer လား?
One Phase Engineer လား ?
ထိုသို့  မေးခံရသော အခါ မြန်မာအင်ဂျင်နီယာ ကောင်လေးသည် အတော်ဖြေရကျပ်သွား
လေသည်။ သို့ ပေမယ့် တစ်ခုခု တော့ ဖြစ်ရမည် ဖြစ်သဖြင့် ပြန်ဖြေလိုက်သည်ကား။
' Yes, I am Three Phase Electrical Engineer... ဟူ သတဲ့ ................
ကဲ စာဖတ်သူ မိတ်ဆွေများသာ စဉ်းစားကြည့်ပါ။
ထိုသို့  ဗဟုသုတများမြောင်လှသော မန်နေဂျာများဖြစ်နေကြလေသတည်း။။။။။။။။
ခေတ္တနားပါဦးမည်...
Monday, May 28, 2012
3 Phase အင်ဂျင်နီယာ
Sunday, May 27, 2012
မရမာ ကမ်းထရီး ( Country Code= MMR)
တနေ့ သ၌ ကျွန်ုပ် နှင့် အနှီ မန်နေဂျာ ကုလား တို့ သည် ကား ကမ္ဘာကျော် အာဖဂန်
နစ္စတန်နိုင်ငံ ကဘူးမြို့ တော် ရှိ အမေရိကန်သံရုံး သို့  အလုပ်ကိစ္စ နှင့် သွားခဲ့ကြလေ
၏။ အကြောင်းမူ ကားလည်း ထို သံရုံး တွင် တန်ဖိုး အတန်ငယ် ရှိသော လုပ်ငန်း ကန်
ထရိုက် ရရှိနိုင်ရန် အလို့ ငှာ ဖြစ်လေ၏။
ကမ္ဘာကျော် ရသော အကြောင်းမှာ ကား တာလီဘန် တို့  နှင့် အမေရိကန်စစ်သား
တို့  အမြဲ အခြေအတင် စစ်မက်ဖြစ်ပွား ခဲ့သလို လုံခြုံရေး အရ အင်မတန် မှ ထူထပ်ကာ
ကမ္ဘာ့ ပုလိပ်ကြီး တို့  စစ်စခန်း ချ ရာ နေရာ ဖြစ်နေခြင်းကြောင်းပေတည်း။
ထိုသို့ ကမ္ဘာကျော် နေရာ တစ်ခု ကို ရောက်ရှိဖို့ ရာ ကား လွယ်သည့်ကိစ္စတော့မ
မဟုတ်။ ရောက်ချင်မှလည်း ရောက်မည်။ မြန်မာနိုင်ငံထက် ကျော်ကြားသည်ကားပြေး
မလွတ်။ ကမ္ဘာပေါ်ရှိ လူအမျိုးမျိုး တို့  က သိကြကုန်သော ထို အာဖဂန်နစ္စတန် နိုင်ငံ
တည်း ဟူသော၊ စစ်တလင်းပြင်ကြား က အကျော်ကြားဆုံးနေရာ။
ဤနေရာကား ကဘူးမြို့ ( Kabul ) မြို့  ဂရိတ်မတ်စုရ် ရှား အာမက် အ၀ိုင်း အပတ်
အနီးတည်ရှိပေ၏။ ရုံးမှ မသွားခင်ကတည်း က ထို ကုလား အား “ မင်း ၀င်ရမယ့် ဂိတ်
ကို သိရဲ့ လား၊ ” “ ဖုန်း နံပါတ်ရော ရှိရဲ့ လား ” မေးလတ်သော် ထိုမရောက် သည်မ
ရောက်ပြန်လည်ဖြေကြား၏။
ထို သို့ ဖြင့် ဂရိတ်မာစုရ်မှ နေပြီး ဟိုမှာသည်မှာ သွားသော် ညနေ ၄ နာရီမတိုင်ခင်
အမေရိကန်သံရုံး ၀င်းအတွင်းသို့ ရောက်၏။ အမေရိကန် သံရုံး ၀င်း သို့ ဝင်ပြီးနောက်
စစ်ဆေးရန် အလို့ ငှာ မိမိတို့ နိုင်ငံ အလိုက် ပတ်စ်ပို့ စာအုပ်အား ထုတ်ပြရပြန်သည်။
ဧည့်ဝင်ခွင့်ကတ်ပြား လုပ်နေစဉ် အတွင်း အာဖဂန်လူမျိုး ဂိတ်ပေါက်စောင့် လုံခြုံရေး
နှင့် အနှိ ကုလား တို့ကား မိတ်ဆက်ကြကုန်၏၊
“ မင်း က အိန္ဒိယ က ထင်တယ်”
ကုလား က “ အင်း ဟုတ်ပါတယ်”
အာဖဂန်ဂိတ်စောင့်.......... “ မင်းက အိန္ဒိယ နိုင်သား ရုပ်မျိုးပါ။”
မန်နေဂျာကုလား........” ဟုတ်ပါတယ်။ အိန္ဒိယ က ပါ ။”
အာဖဂန်ကုလား ....... “ မင်း အူရဒူ ဘာသာ စကား တတ်သလား”
မန်ဂျာကုလား ......... “ နည်းနည်းပါးပါး ပြောတတ်ပါတယ်”
ဘာညာကွိကွ သာဓကာ အာလူး နေကြာ အစုံ ပြောနေကြလေ၏
ထို့ နောက် ကျွန်ုပ်အား အာဖဂန် ဂိတ်ပေါက်စောင့် ကုလား က နေပြီး
“ မင်း က ဘယ်နိုင်ငံ က လာသလဲ”
ထိုအခါ ကျွန်ုပ်ကိုယ်စား အိန္ဒိယ ကုလား က ဖြေဆိုလိုက်သည်မှာ
ကား ............
“ ဟီ ကိမ်း ဖရောမ် မရာမ ကမ်းထရီး ” ဟု သတဲ့............................
အာဖဂန် ကုလား သည်ကား အူတို အူကြောင်ဖြင့် ကမ္ဘာပေါ်တွင် မကြား ဖူးသော ထို
“ မရမာ ကမ်းထရီး” ဟူသည်ကား ဘယ်နား က လည်း ဟု မေးပြန်သော်.............
ထို ကုလားသည်ကား ပြန်လည်ဖြေကြား သည်မှာ...
“ ယူ ဒုန့်  နိုး မရမာ.... it is in Indian Ocean Country ” ဟု ဖြေကြားလိုက်လေသတည်း။
အနီထိုမျှ ကမ္ဘာ ဗဟုသုတ များပြည့်နေသော မန်နေဂျာကြီးဖြစ်ပေတကား.............

Subscribe to:
Posts (Atom)